ပိုင်ကျုံမြို့၌ အသက် ၅နှစ်အောက်ကလေးငယ်များ ဂျပန်ဦးနှောက်အမြှေးရောင်‌‌ရောဂါ အပို‌ဆောင်းကာကွယ်ဆေး ထိုးနှံပေး

ပိုင်ကျုံ   စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ပိုင်ကျုံမြို့၌  အသက်၅နှစ်အောက်ကလေးငယ်များအား  ဂျပန်ဦး‌နှောက်အ‌မြှေး‌ရောင်ရောဂါ  ဖြစ်ပွားခြင်းမှထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ  အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က ကျေး လက်ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက် နိုင်စိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက  ပုံမှန်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံ ပြီးသည့်  အသက်နှစ်နှစ်မှ အသက်၅နှစ်အထိ  ကလေးငယ်များအား   ဂျပန်ဦးနှောက်အ‌‌မြှေးရောင်ရောဂါ   အပိုဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၂၈ ရက်နေ့မှ ယနေ့အထိ ကလေးငယ်စုစုပေါင်း (၃၃၆)ဦး ထိုးနှံပေးနိုင်ခဲ့သည်။

အဆိုပါ  ကျေးလက်ကျန်းမာရေးဌာနတွင် မွေးစမှအသက် ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို လစဉ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

နော်ခူး(ပြန်/ဆက်)