ကျောက်ကြီးမြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အထက(ခွဲ)သံဘို စာသင်ကျောင်းသို့ ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း

ကျောက်ကြီး   စက်တင်ဘာ   ၂၉

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အထက(ခွဲ)သံဘို စာသင်ကျောင်းသို့ ယနေ့နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းမှုတွင် ကျောက်ကြီးမြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးဆောင်သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အထက(ခွဲ)သံဘို စာသင်ကျောင်းရှိ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး Handgel ဘူးကြီး(၆)ဘူး၊ Handgel ဘူးသေး(၈၀)ဘူး၊ နှာခေါင်းစည်း Mask (၅၀)ခု၊ Face Shield(၅၀)ခု၊ ကိုဗစ်-၁၉ ရောဂါအသိပညာပေး ဗီနိုင်းပိုစတာ(၉)ချပ်အား ပေးအပ်လှူဒါန်းခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်