လပွတ္တာ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မွေးမြူရေးနှင့်ကုရေး ဦးစီးဌာနမှ (၁၆)ကြိမ်မြောက် ကမ္ဘာ့ ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ယမန်နေ့ ညနေ ၃နာရီအချိန်က ခွေးရူးရောဂါ ကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးခြင်း ကိုမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်"ခွေးရူးရောဂါကြောင့် သေဆုံးမှုမရှိစေရေး၊ တစ်ခုတည်းသော ကျန်းမာရေးအသိဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီလပွတ္တာ မြို့ပေါ် (၁၀) ရက်ကွက်ရှိခွေးကောင်ရေ(၁၀၀)အားခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခဲ့ ပြီး“ ခွေးရူးရောဂါကာကွယ်ဖို့ ဝိုင်းဝန်ကူညီကြပါစို့” လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့ကြောင်း၊ ပြည်သူများအား ခွေးရူးရောဂါနှင့်ပတ်သက်၍ ဗဟုသုတ ရရှိစေရန် ၊ မိမိတို့အိမ်မွေး တိရစ္ဆာန်များအား ခွေးရူးရောဂါကာကွယ်ဆေး ပုံမှန်ထိုးနှံပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ အဆိုပါ လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမြို့နယ်ဦးစီးမှုး ဒေါက်တာအောင်နိုင် သိန်းထံမှ သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)