ထန်းတပင်မြို့နယ်၌ အခြေခံပညာကျောင်းမုန့်ဈေးတန်းများနှင့် ကျောင်းပြင်ပကုန်စုံဆိုင်များသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်

ထန်းတပင်(ပဲခူး)   စက်တင်ဘာ   ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အခြေခံပညာကျောင်းမုန့်စျေးတန်းနှင့် ကျောင်းပြင်ပကုန်စုံဆိုင်များကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာတာ၀န်ရှိသူများပူးပေါင်း၍ အသိပညာပေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် ဗဟုသုတဖြစ်ဖွယ်များကို အသိပညာပေးပြောကြားခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းနှင့် ကျောင်းပြင်ပကုန်စုံဆိုင်များအတွင်း မူးယစ်ဆေးဝါးပါ၀င်သော အစားအသောက်များရောင်းချမူရှိ/မရှိနှင့်နှင့် ရောင်းချလျက်ရှိသည့် အစားအသောက်များတွင် ခွင့်မပြုဆိုးဆေးများပါဝင်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေး အသိပညာပေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)