မော်လမြိုင်ကျွန်းမြို့နယ် နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်

မော်လမြိုင်ကျွန်း စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ မြို့နယ်နေ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၈ အချိန်က မြို့တွင်းလမ်း တစ်လျှောက် လူစည်ကားရာနေရာများ၌ Mask Campaign ပြုလုပ်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များမှ ကူးစက်မြန် COVID-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး‌ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာ ကြရန်၊ ပြည်သူများ  အိမ်အပြင်ထွက်ပါက မဖြစ်မနေ "Mask" တပ်ဆင်သွားလာရန် အသိပညာပေးခြင်းလုပ်ငန်း များအား ဆောင်ရွက်ခဲ့ပြီး မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများဖြစ်သော  မြို့အဝင်စစ်ဆေး ရေးဂိတ်၊ အမှတ်(၅) ဗိုလ်ချုပ်လမ်းတစ်လျှောက်၊ အောင်ဇေယျလမ်းတို့၌ ဈေးအတွင်းနှင့် မြို့တွင်းသို့ သွားလာ လှုပ်ရှားလျက်ရှိသည့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask (၂၀၀၀)အား အခမဲ့ဖြန့်ဝေခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား သိရှိလိုက်နာနိုင်စေ ရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)