ဝန်းသိုမြို့နယ်တွင် မိုးစပါးအထွက်နှုန်းတိုးတက်ရေး အကျိုးဆောင် တောင်သူများအား ဓာတ်မြေသြဇာ အခမဲ့ထောက်ပံ့ပေးအပ်

ဝန်းသို စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း (၂၀၂၂-၂၀၂၃) ခုနှစ်၊ မိုးရာသီစပါးအထွက်နှုန်း တိုးတက်စေရေးအတွက် မိုးစပါးသီးနှံ စံပြအကွက်များ စိုက်ပျိုးထားသော ကျေးရွာပေါင်း (၃၁) ရွာမှ အကျိုးဆောင်တောင်သူ (၁၅၀) ဦးတို့အား ယူရီးယား ဓာတ်မြေသြဇာ အိတ်ရေ (၃၁၅) အိတ်ကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကောလင်းခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းတင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေ၊ မြို့နယ်လယ်ယာ​မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးရဲသီဟ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြပြီး ဝန်းသို မြို့နယ်တွင် ယခုနှစ်မိုးစပါး (၃၈၉၉) ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

အေးဝင်းခိုင်