မအူပင် စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ "လူငယ်နှင့်ကြီးပွားရေး စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးစောမောင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးစိုး၊ အဖွဲ့ဝင် ဆရာဦးဘိုထွေးတို့ ဦးဆောင်ဆွေးနွေးကြရာ မီးသတ်ဦးစီးဌာန ဝန်ထမ်းနှင့် မိသားစုများ၊ စာပေဝါသနာရှင်များ၊ တက်ရောက်လာကြသူများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)