သရက်မြို့၌ ဆေးပစ္စည်း အရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေး

သရက် စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချနေသည့် ဆေးဆိုင်များအား မြို့နယ်ကျန်းမာရေး အဖွဲ့နှင့် ဌာနဆိုင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဆေးဆိုင်များတွင် ကန့်သတ်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိနှင့် အရည်အသွေးပြည့်ဝသော ဆေးဝါးများ ရောင်းချစေရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)