မအူပင် စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖြောင့်မတ်တည်ကြည်မှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို စက်တင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်တင်သူဇာလှိုင်က ဖြောင့်မတ်တည်ကြည်မှုနှင့် ပတ်သက်၍ သိကောင်းစရာများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးပြီး မအူပင်ခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဦးစောမောင်က ဖြောင့်မတ် တည်ကြည်မှုဝေါဟာရအနက် အဓိပ္ပါယ်၊ အကတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ဖြောင့်မတ်တည်ကြည်မှု၏ ထားရှိရမည့် ရည်မှန်းချက်၊ ပြည့်စုံရမည့် အရည်အချင်း၊ လေ့ကျင့်ပျိုးထောင်ရမည့် အခြေအနေ၊ ဖြောင့်မတ် တည်ကြည်မှုနှင့် ပတ်သက်သည့် သာဓကများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မအူပင်ခရိုင်ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)