ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ပိုင်ကျုံ စက်တင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးသက်နိုင်စိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ် များအား ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အ‌မြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊   ပြင်းထန်အဆုတ်ရောင် ပြင်းထန်ဝမ်းပျက်ဝမ်း လျှော၊  ဝက်သက်၊  ဂျိုက်သိုးရောဂါ စသည့်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်‌ကျွေးပေးခဲ့ သည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များတို့၏ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောင့်မှုများနှင့်  မှေးခိုင်ကာကွယ်ဆေးကိုလည်း ထိုးနှံ‌ပေးလျက်ရှိကြောင်း၊ အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို စက်တင်ဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၂ ရက်ကြာ ထိုးနှံပေးသွား မည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

နော်ခူး(ပြန်/ဆက်)