ရေကြည် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျ မောင်းနှင်နိုင်စေ ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ပိတောက်ချောင်လမ်းဆုံနှင့် ရေကြည်မြို့ကျောင်း လမ်းထိပ် လမ်းဆုံတို့တွင် ယနေ့နံနက် (၉)နာရီအချိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေး လက်ကမ်းစာစောင်(၂၀၀)စောင် ဖြန့်ဝေခြင်းနှင့် ဆိုင်ကယ် မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့် အချက်များပါသော စတစ်ကာအခု (၂၀၀)ခုအား ဆိုင်ကယ်များတွင် ကပ်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်းကျ ဆင်းပပျောက် စေရေးအတွက် မော်တော်ယာဉ်နှင့်မော်တော်ဆိုင် ကယ်မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပတ်ပတ်ပြီးမောင်းနှင်ရန်၊ မော်တော် ဆိုင်ကယ်မောင်း နှင်ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍မစီးရန်၊ ဘက်မှန်တပ်ဆင်ကြရန်၊ ဆိုင်ကယ်လိုင်စင်များယူ ဆောင်လာရန်စသည့် လိုက်နာရမည့်စည်းကမ်းအချက်များ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး ဥပဒေနှင့်မလွတ်ကင်းသော ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)