ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေး

ဒေးဒရဲ စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီကာလ စိုက်ပျိုး စရိတ်ချေးငွေများကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ ခုနှစ် မေလ (၁၆) ရက်နေ့က စတင်၍ ယခင်နှစ် ကြွေးကျန် မရှိသူများအား ဦးစားပေးအနေဖြင့် ထုတ်ပေးလျက်ရှိရာ ယမန်နေ့အထိ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇၁)အုပ်စုက တောင်သူ(၂၁၆၈)ဦး၏ မိုးစပါးဧက (၁၆၂၁၀)ဧကအတွက် ငွေကျပ် (၂၄၃၁၅၀၀၀၀၀)သိန်းကို ထုတ်ချေးပြီးဖြစ်ပြီး ကျန်ရှိသည့်   လယ်ယာမြေများအတွက် စိုက်ပျိုးချိန်အမီ ထုတ်ပေးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်​နေဂျာ ဒေါ်နွယ်နွယ်ဝင်းထံမှ သိရသည်။

အေဇာလင်း