မွေးမြူရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူးထားသည့် ပြာစိမ်းနွားမများ ပြန်လည်လက်ဆင့်ကမ်း ပေးအပ်ပွဲကျင်းပ

ရေကြည် စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီး ဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၂၀၁၈-၂၀၁၉)  ဘဏ္ဍာနှစ်အတွင်း ရေကြည်မြို့နယ်မှ နိုင်ငံတော် ထောက်ပံ့ငွေကျပ် သိန်း(၃၀၀) ဖြင့် ကျေးလက်နေပြည်သူများ အနေဖြင့် ဈေးကွက်များ ဖော်ဆောင်လာပြီး ဝင်ငွေရရှိစေရန် ရည်ရွယ်၍  မွေးမြူရေးဘဏ် စနစ်ဖြင့် ဖြန်ဖြူးထားသည့် ပြာစိမ်းနွားမများ ပြန်လည် လက်ဆင့်ကမ်းပေးအပ်ပွဲကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် (၁၀)နာရီအချိန်က အကယ်ကြီးကြို့ကုန်းကျေးရွာ အောင်ဝိဇ္ဇာ သိပ္ပံကျောင်း အာရုံခံတန် ဆောင်းတော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်‌အေးကအဖွင့်အမှာ စကားပြောကြားခဲ့ ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါက်တာ ဖြိုးအိအိစံက (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ် အတွင်း ရေကြည်မြို့နယ်မှ နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း(၃၀၀)ဖြင့် ကြို့ကုန်းကျေးရွာတွင် နွားတစ်ကောင် လျှင် ငွေကျပ် (၁၀)သိန်းနှုန်းဖြင့် ပြာစိမ်းနွားမအကောင် (၂၀)၊ သရက်ချောင်းကျေးရွာတွင် နွားတစ်ကောင်လျှင် ငွေကျပ် (၅)သိန်း နှုန်းဖြင့် ဒေသနွားမအကောင် (၂၀)တို့အား ဖြန့်ဖြူးပေးခဲ့ပြီး‌မွေးမြူသူတောင်သူများမှ (၃)နှစ် တစ်ကြိမ် မျိုးခွဲနွားမများအား တောင်သူအသစ်ထံ ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မွေးမြူသူတောင်သူများမှ သိလိုသည်များ မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားပေးခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)