လက်ပံတန်းမြို့နယ်၌ (၈၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

လက်ပံတန်း စက်တင်ဘာ   ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် (၈၆)ကြိမ်မြောက်ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက  မကျီးကွင်း၊ ကျေးရွာအုပ်စု၊ ဂရံစံပြကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လက်ပံတန်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးမိုးဝင်က နိုင်ငံတကာမွေးမြူရေးနှင့်ကုသရေး အဖွဲ့အစည်းများမှ ကိုင်တွယ်ထိန်းချုပ်ရသော ရောဂါများအဖြစ် ကြက်ငှက်တုပ်ကွေးရောဂါ၊ ခွေးရူးရောဂါနှင့် ဆေးယဉ်ပါးမှုပြဿနာများဖြစ်ပြီး၊ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ခွေးကောင်ရေလေးသန်းကျော်ရှိသည့်အတွက် ခွေးနှင့်လူအချိုးမှာ တစ်အချိုးခြောက်ဖြစ်ကြောင်း၊ ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင်း ဖြစ်ပွားခြင်းဖြစ်ပြီး လူအပါအဝင် သွေးနွေးသတ္တဝါအားလုံးနှင့် အိမ်မွေးတိရိစ္ဆာန်များတွင် ကူးစက်နိုင်ခြင်း၊ ရောဂါပိုးရှိသော ခွေးကိုက်ခံရပါက ရောဂါဖြစ်ပွားနိုင်ရာ တစ်ရာရာခိုင်နှုန်းရှိကြောင်း၊ ခွေးများတွင် ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ရာနှုန်းပြည့် ရောဂါကာမှုထိရောက်မှုရှိသည့်အတွက် ခွေရူးရောဂါ မဖြစ်ပွားစေရန် အိမ်မွေးတိရိစ္ဆာန်ခွေး၊ ကြောင်များကို ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးများ ထိုးနှံသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ အခမ်းအနားသို့ ဒေသခံကျေးလက်ပြည်သူ ၇၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)