ထန်းတပင်မြို့နယ်တွင် ဝန်ထမ်းများအား စားဝတ်နေရေးအဆင်ပြေစေရန် ဆန်တစ်ပြည် ၁၅၈၄/- ကျပ်နှုန်းဖြင့်ရောင်းချပေး

ထန်းတပင် (ပဲခူး)စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆန်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဝန်ထမ်းများအားဆန်တစ်ပြည်လျှင် ၁၅၈၄/-ကျပ်နှုန်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဝန်ထမ်းတစ်ဦးလျှင် ဆန်တစ်ပြည်နှင့်လေးလုံးနှုန်းဖြင့် ထန်းတပင်မြို့ပေါ် ဝန်ထမ်းများကို  ရောင်းချပေးလျက်ရှိပြီး ကျန်ရှိနေသောဝန်ထမ်းများကိုလည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန်များရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)