ဝေါ စက်တင်ဘာ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝေါမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါများကြွယ်ဝစေရန်နှင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်(၉)နာရီက ဝေါမြို့ကန်တော်ရပ်ကွက်ရှိ ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပွဲကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါငါးမျိုးများစိုက်ထည့်ရာတွင်၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဇော်မြင့်နိုင်နှင့် မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးဒေါ်ခင်မျိုးနိုင်နှင့်ဝန်ထမ်းများ၊ ပဲခူးငါးသားပေါက်စခန်းမှ တာဝန်ခံဦးသူရမိုးအောင်နှင့် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များ စုစုပေါင်းအင်အား(၄၀)ဦးတို့တက်ရောက်ကာ ငါးမြစ်ချင်းသားပေါက်(၃၇၀၀၀၀)ကောင်တို့အား ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန် /ဆက်)