မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း ကမ်းပိန်းဆောင်ရွက်ခြင်းနှင့်   အသိပညာပေးနှိုးဆော်

မုံရွာ စက်တင်ဘာ၂၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြိူ့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ နှာခေါင်းစည်း ကမ်းပိန်းဆောင်ရွက်ခြင်းနှင့်   အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက်()နာရီမှ (၉)နာရီအထိ  မုံရွာမြို့  မုံရွာတောင်ရပ်ကွက် ပြည်ထောင်စုလမ်း ကားလေးဝန်းရှေ့၌  ဆောင်ရွက်ခဲ့သည်။

ထိုသို့ နှာခေါင်းစည်း ကမ်းပိန်းဆောင်ရွက်ခြင်းနှင့်   အသိပညာပေးနှိုးဆော်ခြင်းများကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ NGO အဖွဲ့များက ခရီးသွားပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်နိုင်ရေး အသိပညာပေးဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း ၅၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)