အောင်လံ စက်တင်ဘာလ ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက အောင်လံ-ပြည်ကားလမ်းမ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန် Mask Campaign ဆောင်ရွက်ခဲ့သည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ အခြားသက်ဆိုင်ရာဌာန ဝန်ထမ်းများမှ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ၊ လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးရောင်းဈေးဝယ်များ၊ ခရီသွားပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်နိုင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး Mask (၁၅၀၀)အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)