ကလိန်အောင်မြို့တွင် ဒေသထွက်အုန်းသီးရောင်းအားကောင်းနေ၍ အုန်းခြံစိုက်ပျိုးထားသူများ ဝင်ငွေရရှိ

ကလိန်အောင် စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ‌ဒေသထွက်အုန်း သီးများ ရောင်းအားကောင်းနေပြီး အုန်းခြံစိုက်ပျိုးထားသူများ ဝင်ငွေကောင်းနေကြောင်းသိရသည်။

“အရင်တုန်းက ဈေးကွက်လည်းမရှိတဲ့အတွက် ဒီအတိုင်းပစ်ထားရတဲ့ အုန်းခြံကို ယခုနှစ်မှာ အုန်းသီးကိုဝယ်ယူသူတွေများလာလို့ စိုက်ပျိုးထားတဲ့အုန်းခြံ‌တွေကို ဂရုတစိုက်ပြန်လုပ်နေကြတယ်။ အုန်းသီးတစ်ခုဘဲဈေးကောင်းနေတာတော့မဟုတ်ဘူး၊ ဒီနှစ်ကနှစ်ရှည်သီးနှံမျိုးစုံနှင့် ရာသီပေါ်အသီး/အရွက်အကုန်ဈေးကောင်းရနေတော့ ယခင်မလုပ်ဘဲပစ်ထားတဲ့ အုန်းခြံတွေကို ပိုပြီး ဂရုတစိုက် ပြန်လုပ်နေရပါတယ်၊ ဘာလို့ဆိုတော့ စားဝတ်/နေရေးအခက်အခဲတွေကြောင့် ဥယျာဉ်ခြံ‌တွေ လုပ်ကိုင်တဲ့သူများလာပါတယ်၊ ဟိုအရင်နှစ်တွေကဆို ဒီဘက်ဒေသတွေမှာအုန်းသီးကို သွားရောင်းတာတောင် ဝယ်ယူမည့်သူမရှိကြဘူး။ မုန့်လုပ်‌ရောင်းတဲ့သူအနည်းငယ်သာဝယ်ယူ ကြပြီး၊ ယခုအချိန်မှာတော့ဝယ်ယူသူတွေများလာပြီးရောင်းအားကောင်းလာပါတယ်။ ဒါကြောင့် ခြံပိုင်ရှင်အတော်များများက အုန်းသီးခြံကို ပြန်လည်စိုက်ပျိုးသူများလာတယ်။ ယခုဆို အုန်းသီးတစ်လုံးကို(၅၀၀)ကျပ်ရလာတော့ ယခင်စိုက်ပျိုးထားတဲ့ခြံပိုင်ရှင်တွေက အကုန်ပြန်လုပ်လာကြ တယ်။ ယခုလိုမိသားစုစီးပွားရေး ကျပ်တည်းလာတဲ့အချိန်မှာ သီးနှံမျိုးစုံ ဈေးကောင်းရနေလို့ ခြံပိုင်ရှင်တွေ အနေနဲ့အဆင်ပြေနေပါတယ်"ဟု အုန်း သီးခြံစိုက်ပျိုးထားသူတစ်ဦးကပြောသည်။

ကလိန်‌အောင်မြို့ရှိ ဒေသခံအများစုစိုက်ပျိုးသည့် အုန်းအမျိုးအစားမှာ အမြင့်မျိုး(အုန်းထရံ)၊ အပုမျိုး(ဝက်မလွတ်)နှင့် လိမ္မော်ရောင်မျိုး (အုန်းပနီ)တို့ဖြစ်ကြပြီး အိမ်ပတ်ဝန်းကျင်၊ ဥယျာဉ်ခြံများတွင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

ခင်ခင်လဲ့