မြောင်းမြမြို့၌ Mobile Library Bus ဖြင့် ကျေးရွာများ၊ ကျောင်းများအရောက် စာအုပ်စာ စောင်များ သွားရောက်ငှားရမ်း ဝန်ဆောင်မှုများ ပြုလုပ်

မြောင်းမြ     စက်တင်ဘာ  ၂၇     

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus) ဖြင့် စာငှားဝန်ဆောင်မှုများ ပေးလျက်ရှိရာ ယနေ့နံနက်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် ကော်မရှင်ရုံး၊ အ.မ.က(ကုန်းသာ) ကျောင်းများသို့ သုတရသ စာအုပ်၊ စာစောင် မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။  

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်း ပေးခဲ့သော စာအုပ်များကို ရက်သတ္တ နှစ်ပတ်လျှင်တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြ(ခရိုင်ပြန်/ဆက်)