ဘုတ်ပြင်း စက်တင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ရုံး Community Centre ခန်းမတွင် ပင်လယ်ရေသတ္တဝါမွေးမြူရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ပင်လယ်ရေသတ္တဝါမေါးမြူရေး အသိပညာပေးTalk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပင်လယ်ရေသတ္တဝါမွေးမြူရေးနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online မှတဆင့် အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ ပြောကြားသည်။
ဆက်လက်၍ ဘုတ်ပြင်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစံမွှေးက ပင်လယ်ရေသတ္တဝါ မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဂျင်းခရု(ခေါ်)သွေးဂုံးများ မွေးမြူသူများအနေဖြင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရာ၌ မြေနေရာရွေးချယ်အသုံးပြုရာတွင် နည်းစနစ်မှန်ရွေးချယ်အသုံးပြုနည်းများ၊ ဂျင်းသားပေါက်ကို စုဆောင်းရရှိနိုင်သည့် နည်းလမ်းနှင့်ပြုစုရမည့်နည်းလမ်းများ၊ သားပေါက်အရွယ်အစားခွဲခြားမှုနည်းစနစ်များ၊ မွေးမြူပြုစုရေးအဆင့်ဆင့်နှင့် အရွယ်ရောက်ပြီး ဂျင်းခရုများကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် သက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တင်ပို့ရောင်းချမှု အခြေအနေများနှင့် ဂျင်းခရုမွေမြူရေးနှင့်ပတ်သက်၍ အခြားလိုပ်အပ်သည့် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)