ကျိုက်လတ်စက်မှုလယ်ယာစခန်း၌ စက်ထားရုံ Steel Structure တည်ဆောက်ခြင်းလုပ်ငန်းကြည့်ရှုစစ်ဆေး

ကျိုက်လတ် စက်တင်ဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၇၅) စက်မှုလယ်ယာစခန်း၌ စက်ထားရုံ Steel Structure တစ်ထပ်တည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။ အဆိုပါ စက်ထားရုံ Steel Structure တစ်ထပ် (၁၂၀'×၃၀'×၁၆') တည်ဆောက်ခြင်း လုပ်ငန်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ခွင့်ပြုငွေတန်ဖိုးကျပ် (၁၄၃.၁၉)သန်းဖြင့် ရတနာရောင်စင်ဖြူ ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုးထံကသိရသည်။

ရီရီမြင့်