ရွှေကျင် စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး စနစ်တကျ မောင်းနှင်နိုင်စေရေး အတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့အဝင်မင်္ဂလာမုဒ်ဦးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ရွှေကျင်မြို့နယ်အတွင်း ယာဉ်အန္တရာယ် ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု လျော့နည်း ကျဆင်းရေးအတွက် ယာဉ်မောင်းနှင်သူများအား စည်းကမ်းနှင့် အညီ မောင်းနှင်ကြရန်၊ လမ်းမကြီး ပေါ်တွင် ယာဉ်များအချိန် ကြာမြင့်စွာ ရပ်နားထားခြင်းများ မပြုလုပ်ရန်၊ လမ်းညွှန်အမှတ်အသား လိုက်နာရန်၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်းမပြုကြရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်စီးဦးထုပ် ဆောင်း၍ မေးသိုင်းကြိုး တပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍ မစီးရန်၊ လမ်းပြောင်းပြန် မစီးရန်၊ ဆိုင်ကယ် လိုင်စင်များ ယူဆောင်လာရန် စသည့် လိုက်နာရမည့် စည်းကမ်းအချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ကြပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)