အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၁ -၂၀၂၂  ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ပိုင်ကျုံ   စက်တင်ဘာ  ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား/သူများက ဂုဏ်ပြုသီချင်းဖြင့်   သီဆိုဖွင့်လှစ်ပြီးနောက် လှိုင်းဘွဲမြို့နယ်၊ ဒု-မြို့နယ်ပညာရေးမှူးက  အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပညာရည်ချွန် ဆုပေးပွဲကို နှစ်စဉ်၊ နှစ်တိုင်း ကျင်းပပြုလုပ်ပေးလျက်ရှိရာ  ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား /သူများ၏ စိတ်ဓာတ်မြှင့်တင်သည့် ခွန်အားများကိုဖြစ်ပေါ်စေပါကြောင်း၊ ကြိုးစား/ အားထုတ်လိုသည့် အသိပညာများ ရရှိကာ မျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေပါကြောင်း၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများကလည်း ကျောင်းသား/သူများ ယခုထက် ပိုမိုကြိုးစားအားထုတ်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ကျောင်းသား /သူများ အနေဖြင့်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုကြိုးစားကာ မိမိတို့၏ အနာဂတ်လှပရေးကို   ပုံဖော်ဆောင်ရွက်သင့်ပါကြောင်းနှင့် အနာဂတ်သားကောင်းရတာနာ ကျောင်းသား/သူများ ပေါ်ထွန်းစေရေးအတွက် ဆရာ/မများအနေဖြင့် စနစ်တကျ သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ဖြစ်‌မြောက်ရေးအတွက် ဝိုင်းဝန်းကူညီ‌ ဆောင်ရွက်‌ပေးသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အောင်မြင်စွာဖြေဆိုနိုင်သည့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ တက္ကသိုလ်ဝင်းတန်းအဆင့်ရှိ ကျောင်းသား /သူများ၊ ကျောင်းကောင်စီဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့် ဘောလုံးအသင်းများနှင့် ဂုဏ်ထူး ရရှိအောင်သင်ကြားပေးသည့် ဆရာ/မများကို တာဝန်ရှိသူများတို့မှ ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)