ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ စက်တင်ဘာ ၂၃

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသောလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးရန်နှင့် ပြည်နယ်လူငယ်ရေးရာကော်မတီ၏ ဆောင် ရွက်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဗဟိုလူငယ်ရေးရာကော်မတီသို့တင်ပြပေးသွားနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံလူဦးရေ၏ ၃၃ ရာခိုင်နှုန်းသည် အသက်(၁၅)နှစ်မှ(၃၅)နှစ်ကြား လူငယ်များဖြစ်ကြသည့်အတွက် တန်ဖိုးမဖြတ်နိုင်သည့်ကြီးမားသောလူ့စွမ်းအား အရင်းအမြစ်ဖြစ်ပြီး ယင်းလူငယ်လူရွယ်မောင်မယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး ပြည်နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက်ဆောင်ရွက်ချက်များ၊ မဟာဗျူဟာ စီမံချက်ပါ တာဝန်ယူဆောင် ရွက်ရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)