စစ်ကိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူပွဲကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၂၃

စစ်ကိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက စစ်ကိုင်းမြို့ ရွှေမင်းဝံ ပန်းခြံအနီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူပွဲတွင် စစ်ကိုင်း ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ/ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြသည်။

“စစ်ကိုင်းမြို့မှာ ကလေးအလုပ်သမားပပျောက်ရေးအတွက် အများသိရှိအောင် မြေစိုက်ဗီနိုင်း စိုက်ထူပေးတာပါ ကလေးအလုပ်သမားပပျောက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနဲ့ စက်မှုဇုန်မှာရှိတဲ့ လုပ်ငန်းရှင်တွေ ယခင်ရက်က တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲလည်း လုပ်ဆောင်ခဲ့ ပြီးပါပြီ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ၊ ဥပဒေ/ နည်းဥပဒေများ အသိပညာပေး ဟောပြောဆွေး နွေးပွဲကိုလည်း အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ ဆွေးနွေးပွဲ ဆောင်ရွက်ပြီးခဲ့ပါပြီ စစ်ကိုင်းခရိုင်ပြန်/ဆက်ရုံးမှာလည်း ကလေးအလုပ်သမားပပျောက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနဲ့ စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပြီးပါပြီ ယခုတော့ အများမြင်သာအောင်ဆိုင်းဘုတ် စိုက်ထူပွဲပြုလုပ်ဆောင်ရွက်တာပါ” ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍သိရသည်။

စစ်ကိုင်းခရိုင်(ပြန်/ဆက်)