ထန်းတပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီ အစည်းအဝေးကျင်းပ

ထန်းတပင်(ပဲခူး)   စက်တင်ဘာ   ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်က မိမိတို့ဒေသရပ်ရွာများဖွံ့ဖြိုးရေးအတွက် လမ်းတံတား၊ အဆောက်အဦများကို ပထမဦးစားပေး၊  ဒုတိယဦးစားပေးအနေနဲ့ ဆောင်ရွက်ကြရန်ဖြစ်ပြီး ဒေသခံပြည်သူများ တင်ပြသည့်ထဲမှ တကယ်လိုအပ်သည့်နေရာများကို  အဓိကဦးစားပေး  တင်ပြကြရန်နှင့်  ကျန်ရှိမှုမရှိစေရေးအတွက် အဓိကထားလုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။  ထို့နောက် မြို့နယ်စီမံကိန်း‌ရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဌေးဌေးမြင့်က ဌာနတွင်ဆောင်ရွက်ရန်ကိစ္စများနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန်စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ရက်အရောက် ပေးပို့ကြရန်ဖြစ်ပြီး လိုအပ်သည့်ပုံစံနှင့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးရာ   တတ်ရောက်လာသည့်  ဌာနဆိုင်ရာများမှ  သိလိုသည့်အချက်များကို  ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)