ဟုမ္မလင်း၌ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရောက် ပေး ဆိုင်းဘုတ်ဆိုက်ထူး

ဟုမ္မလင်း စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းနှင့်ဇီဝကလမ်းထောင့်၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့လမ်းဆုံတွင် ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရောက်ပေး ဆိုင်းဘုတ်ဆိုက်ထူးပွဲကို ယမန်နေ့၊ နံနက်(၁၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်းဘုတ်ဆိုက်ထူးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း အတွင်းရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားရေးမှူး ဦးစီးဌာန၊ ရှမ်း၊ ချင်း၊နာဂ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်းအင်အား (၃၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်၍ ထွေ/ အုပ်၊ လ-ဝ-က၊ ကော်မရှင် ဝန်ထမ်းများ၊မြေပြင်လူဦးရေးစာရင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 လင်းလင်း (ပြန်/ဆက်)