ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး  Mask Compaign ပြုလုပ်

ပုလော  စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး Mask Compaign ကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့ မြို့နယ်ခန်းမရှေ့ ( မြိတ်-ထားဝယ်) ကျင်းပ ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံအချို့တွင် ဖြစ်ပွားမှုများပြားလျက်ရှိပြီး၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှဝင်ရောက်လာသူများနှင့် ပြည်တွင်းကူးစက်ခံရသူများတွင် တွေ့ရှိရပြီး၊ ယခုရက်ပိုင်းတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားလျက်ရှိရာ ပုလောမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန် Mask များ ဝေငှခဲ့သည်။

အဆိုပါ Mask Compaign တွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ  ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ထွေအုပ် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ နှာခေါင်းစည်း Mask  အခု (၁၀၀၀) ကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)