သနပ်ပင်မြို့နယ်၌ မိုးကြိုအခြောက်ကြဲ စိုက်ကွက်ရိတ်သိမ်းပွဲကျင်းပ

သနပ်ပင်  စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက အောက်စုရပ်ကွက်ရှိတောင်သူဦးကျော့ရွှေ၏ လယ်မြေကွင်းအမှတ်(၈၅၈-က)၊ ဦးပိုင်အမှတ်(၁)၌ ကျင်းပကြောင်း သိရသည်။

အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ဇော်လတ်၊ သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ကြူကြူမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများမှ  မိုးစပါးစံကွက် စပါးရိတ်ချွေစက်ဖြင့် ရိတ်ချွေနေမှုများနှင့် မိုးစပါးစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေများကို ကြည့်ရှုကြသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများက ဆင်းသုခမျိုးစပါး စိုက်ဧက(၁၅)ဧကရိတ်သိမ်းရာတွင် တစ်ဧကအစိုချိန် (၇၈.၇၅)တင်း ထွက်ရှိကြောင်းသိသည်။

လှမိုး(ပြန်/ဆက်)