သရက် စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အငြိမ်းစား ပင်စင် လစာများအား နေ့ရက်နှင့် အချိန်သတ်မှတ်၍ လစာထုတ်ပေးသွားမည်ဖြစ်ကြောင်း ယနေ့နံနက် (၈) နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသိပေးလှည့်လည်ကြေညာခဲ့သည်။
သရက်မြို့နယ်တွင် မြို့ပေါ် (၈) ရပ်ကွက်နှင့် ကျေးရွာ (၅၂) ရွာရှိရာ မြို့ပေါ်ရပ်ကွက်များမှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများကို စက်တင်ဘာလ (၂၁၊ ၂၂၊ ၂၃) ရက်နေ့များတွင်လည်းကောင်း၊ ကျေးရွာအုပ်စုများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ် ၍ စက်တင်ဘာလ၂၄၊ ၂၅၊ ၂၈ ရက်နေ့များတွင်လည်ကောင်း၊ နံနက်(၇)နာရီမှ နေ့လယ်(၂)နာရီအထိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ များ ထုတ်ပေးသွားမည်ဖြစ်ပြီး ပင်စင်လစာထုတ်ယူသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လာရောက်ထုတ်ယူကြရန် အသိပေးကြေညာခဲ့ ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)