ပေါင်းတည် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စျေးနှင့် လူစည်ကားသည့်နေရာ များ၌ စျေးရောင်း/စျေးဝယ်များနှင့် လမ်းသွားပြည်သူများ Mask တပ်ဆင်ကြရေး အသိပညာပေး ကမ်ပိန်းဆောင်ရွက်ခြင်းကို Paungde Youths အဖွဲ့ လူငယ် မောင်မယ်များသည် ယနေ့ နံနက် ၇ နာရီက ရွှေတည်စျေးသစ်နှင့် လူစည်ကားသည့် ရန်ကုန်-ပြည် ကားလမ်းဘုရားကြီးလမ်း ၇ လမ်း ၁၁ လမ်းဆုံရာနှင့် ရန်ကုန်ပြည်လမ်း အရှေ့လမ်း ၁ လမ်း ဆုံရာ နေရာများ၌ အဖွဲ့များခွဲ၍ တစ်ပြိုင်နက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကမ်ပိန်းလှုပ်ရှားဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စျေး အတွင်း ရောင်းချနေသည့် စျေးဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ရောင်းချရေး ဆိုင်ဝင်ပေါက်တွင် လက်ဆေးဘေစင်များထားရှိ၍ လက်များကို စနစ်တကျ ဆေးကြောပေးရေးနှင့် Mask နှာခေါင်စည်းတပ်ဆင်၍ ရောင်းချကြရေးနှင့် လမ်းသွား ပြည်သူများအား နေအိမ်မှ ပြင်ပသို့ ထွက်သည့်အခါတိုင်း Mask နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင် ကြရေး ပြည်သူများ တိကျစွာ လိုက်နာကြရေးနှင့် မလိုအပ်လျှင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း များ မပြုလုပ်ကြရန်အတွက် အသိ ပညာပေးလိုက်လံနှိုးဆော်၍ Mask(၃၀၀၀)အား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရပြီး Mask Campaign ဆောင်ရွက်ခြင်း အစီအစဉ်အား မြို့နယ်အတွင်း ထပ်မံဆောင်ရွက် ပေးသွားမည်ဟု အဆိုပါ Paungde Youths အဖွဲ့တာဝန်ရှိသူမှ ပြောကြားသည်။
တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်