ဘုတ်ပြင်း စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း၌ မြို့နယ် ပုလဲရွေရည်ခန်းမတွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာပညာပေးဆင့်ပွားသင်တန်းကို ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ သင်တန်းတစ်ကြိမ်လျှင် (၃၀) ဦးနှုန်းဖြင့် ပို့ချသွားမှာ ဖြစ်ပြီး ဘုတ်ပြင်း မြို့နယ်တွင် သင်တန်းကို (၃)ကြိမ် ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
သန်းထွန်းဦး(ပြန်/ဆက်)