ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ တိုင်းရင်းကြက် မွေးမြူရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

ဝေါ  စက်တင်ဘာ  ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကာ တိုင်းရင်းကြက်မွေးမြူရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်း က မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင် က Talk Show ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာသီသီအေး က တိုင်းရင်းကြက် မွေးမြူရေးနှင့် ပတ်သက်၍ ကျေးလက်ကြက်နှင့် တိုင်းရင်းကြက်၊ ထင်းရှားသောတိုင်းရင်းကြက်မျိုး များ၊ တိုင်းရင်းကြက်လဏ္ခာကောင်းများ၊ မွေးမြူနည်းစနစ်များနှင့် ရောဂါကာကွယ်ဆေးထိုးနှံ ပေးမှုများအကြောင်းကို ရှင်းလင်းဆွေးနွေးပေးသည်။

တိုင်းရင်းကြက်မွေးမြူရေးအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk Showကို ဝေါမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပြီး၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုရရှိ စေရေးအတွက် Talk Show အစီအစဉ်များကို   ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)