မင်းလှ စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ တစ်ကျော့ပြန်လည်ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေးနိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို မြို့မဈေးကြီးရှေ့၌ ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မြို့မဈေးကြီးရှေ့၌ လမ်းသွားလမ်းလာပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်များ၊ ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိမှုများနှင့်ပတ်သတ်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ လက်ကိုစင်ကြယ်စွာဆေးကြောရန်၊ နှာခေါင်းစည်းတပ်ဆင်ရန်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေး၍ တပ်ဆင်စေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)