နတ်မောက်မြို့နယ် ဆီဆုံကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (၆၀x၃၀)ပေ RCC(၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်

နတ်မောက် စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလာစေရန်အတွက် နတ်မောက်မြို့နယ် ဆီဆုံကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း မြေနေရာတွင် (၆၀x၃၀)ပေ၊ RCC(၁)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိကြောင်း    တာဝန်ခံကျောင်းအုပ်ထံမှ သိရသည်။

နတ်မောက်မြို့နယ် ဆီဆုံးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်း၍(၆၀x၃၀)ပေ RCC(၁)ထပ် ကျောင်းဆောင်သစ်တည်ဆောက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၅၂.၆၅၀)သန်းဖြင့် တင်ဒါအောင်မြင်သော စိန်ရတနာဖြိုးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ နတ်မောက်မြို့နယ် ဆီဆုံးကုန်းကျေးရွာရှိ အခြေခံပညာမူတန်းလွန်ကျောင်းမြေနေရာတွင် (၆၀x၃၀)ပေ RCC(၁)ထပ် ကျောင်းဆောင်သစ်တည်ဆောက်ခြင်းအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေးကို ကျေးရွာ အရည်အသွေးစစ်ဆေးရေးကော်မတီ၊ ကျေးရွာကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဝင်း