မင်းလှမြို့တွင် မိုးရွာသွန်း၍သစ်ပင်ပြိုလဲမှုကြောင့် ပြိုလဲပျက်ဆီးသွားသည့်နေအိမ်မှ မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

မင်းလှ  စက်တင်ဘာ  ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  မိုးရွာသွန်း၍ သစ်ပင်ပြိုလဲမှုကြောင့် ပြိုလဲပျက်ဆီးသွားသည့်နေအိမ်မှ မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို  ယမန်နေ့ နေ့လယ် နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းဇော်ဖြိုးမင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်းတို့က စစ်ကွင်းမြို့၊ မြို့မရပ်ကွက်၊ ပြည်တော်သာလမ်းတွင် မိုးရွာသွန်းပြီး ကုက္ကိုလ်ပင်အမြစ်ပွ၍ ပြိုလဲကျခံရသော ဦးကြည်ဝင်းနေအိမ်မှ မိသားစုဝင် ()ဦးကို ဆန်ရိက္ခာဖိုးငွေ (၆၃၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀ဝ) ကျပ်၊ စုစုပေါင်း (၁၀၆၃၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပုံးတစ်ပုံးအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)