ချောက် စက်တင်ဘာ ၁၆
ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီခွဲ အချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပစ္စည်းအတွက် Hand Held Mega Phone ၊အပူချိန်တိုင်း ကိရိယာနှင့် နှာခေါင်းစည်း (Mask) များများကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၇၁) ဦးထံသို့ ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ Hand Held Mega Phone၊ အပူချိန်တိုင်းကိရိယာနှင့် နှာခေါင်းစည်း(Mask)များအား ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပန်ကြား ချက်များ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်သူများသို့ ပြန်ကြားချက်များ၊ မြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တို့အား ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအနေဖြင့် ပိုမိုသိရှိနိုင်စေရန်ကို လှည့်လည်ဆော်ဩစေရေးအတွက် မြို့ပေါ် ရပ်ကွက် (၂၀) ရပ်ကွက်အတွက် (၂၀) ခုနှင့် ကျေးရွာအုပ်စု (၅၁) အုပ်စုအတွက် (၅၁) ခုစုစုပေါင်း (၇၁)ခု တို့အား ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ လက်ဝယ်သို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၀င်းနှင့် တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိရရှိသည်။
မချို(ချောက်)