ရွှေတောင် စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ရွေ့လျား Mobile စျေးရောင်းချခြင်းကို ယမန်နေ့ နေ့လယ်ပိုင်း က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ က ရွှေတောင်မြို့နယ် အတွင်း ဒေသခံစားသုံးသူပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ ဒေသအတွင်းစိုက်ပျိုးထားသော ပဲသီး ဖရုံသီး၊ ကျောက်ဖရုံသီး သခွားသီး၊ ခရမ်းသီး အစရှိသည့် ဟင်းသီးဟင်းရွက်များ၊ သန့်ရှင်းလတ်ဆတ်သော ကြက်ဥများ၊ သစ်သီးဝလံပန်းမန်များကို လူစည်ကားရာ နေရာများ၊ ရွှေမျက်မှန်ဘုရားကြီးရှေ့ ကျောက်တိုင်ကွင်း၊ တည်ကုန်းလမ်းဆုံထိပ်နှင့် ရန်ကုန်-ပြည်လမ်းတို့တွင် ရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)