ဝေါ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ယနေ့နံနက်ပိုင်း က ဝေါမြို့ ဘူတာလမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ တပ်၍ အိမ်အပြင်သို့ထွက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် တာဝန်ရှိသူများက ပြင်ပသို့ သွားလာကြသော ပြည်သူများနှင့် မော်တော်ယာဉ်များ ပေါ်တွင်လိုက်ပါလာသူများအား နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) များကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုမကြာခနဆေးကြောရန်၊ ဟောင်းနွမ်း (Mask) များကို မတပ်ဆင်ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပြောကြားပြီး နှာခေါင်းစည်း (Mask) များ စစ်ဆေးခြင်းဖြင့် နှာခေါင်းစည်း (Mask) မတပ်လာသူများအား နှာခေါင်းစည်း (Mask)တက်၍ အိမ်ပြင်ထွက်ရန် ပညာပေးစကားပြောကြားပြီး နှာခေါင်းစည်း (Mask) မပါလာသူများကို (Mask) တပ်ပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)