ဟုမ္မလင်း စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စကားပုံပြိုင်ပွဲကို ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပြိုင်ပွဲတွင် ကျောင်းသား/ သူများအား ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား/သူ (၃၀)ဦးက အုပ်စု(၆)အုပ်စုလိုက် စကားပုံဆက်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမဆုရအသင်း ဖယောင်းပန်း၊ ဒုတိယဆု နှင်းဆီပန်း၊ တတိယဆု၊ သရီဖီပန်းစသည့် ဆုရရှိသူများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင် းသိရသည်။
လင်းလင်း (ပြန်/ဆက်)