ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးမွေးမြူရေး အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေး

ပေါက်ခေါင်း        စက်တင်ဘာ       ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ဒေသခံပြည်သူများအား စိုက်ပျိုးမွေးမြူရေးအခြေခံစားသောက်ကုန်များဖြစ်သည့် သား၊ ငါး၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာ မိုဘိုင်းမော်တော်ယာဉ်ဖြင့် ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးကြီးရှေ့နှင့် မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံရောင်းချပေးလျက်ရှိသည်။

ထိုသို့အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဒေသခံပြည်သူများ အဆင်ပြေစေရန်အတွက် ကြက်သားတစ်ပိသာ ၈၀၀၀/-ကျပ်၊ ငါးတစ်ပိသာ ၇၀၀၀/-ကျပ်၊ ကြက်ဥတစ်လုံး ၂၀၀/ကျပ်နှင့် အခြားဟင်းသီးဟင်းရွက်နှင့်ငှက်ပျောသီး၊ ပြောင်းဖူးများကို ဈေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)