ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာအုပ်စုတွင် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံ

ရွှေသောင်ယံ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာတွင် ယနေ့ နံနက်(၁၀)နာရီ မိနစ်(၃၀) အချိန်က မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်သော အုပ်ချုပ်ရေး စစ်ကြောင်းတွင် ရွှေသောင်ယံ‌ရှေ့တန်း စခန်းမှ ဒု-လဝကမှူး ဦးကျော်ဝင်းခိုင်၊ မြို့စည်ပင်အမှုဆောင်အရာရှိ ဦးတင်လှမိုး၊ တိုက်နယ်ဆရာဝန် ဒေါက်တာစည်သူ၊ နယ်မြေ ရဲစခန်းမှ ရဲအုပ်ကောင်းမြတ်ကျော် စသည်စစ်ကြောင်း(၅)ကြောင်း‌ ခေါင်းဆောင်များနှင့် အတူ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ဒေသခံပြည်သူများနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ပြည်သူများမှ ကဏ္ဍအလိုက် တင်ပြလာသည့် လိုအပ်ချက်များကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)