ကျွန်းစုမြို့ လူထုအခြေပြုဗဟိုဌာန၌ ဝတ္ထုစာအုပ်များ ပေးအပ်လှူဒါန်းခြင်းဆောင်ရွက်

ကျွန်းစု စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၁) နာရီက ဝတ္ထုစာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် အလှူရှင်ဦးအောင်ဝင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးထံသို့ ဝတ္ထုစာအုပ်ပေါင်း (၁၅၀) အုပ်ကို ပေးအပ်ခဲ့သည်။

မိမိတို့ မိသားစုက စာဖတ်ဝါသနာပါသူဖြစ်ပြီး စာပေ၏တန်ဖိုးကိုနားလည်၍ စာအုပ်စာပေ လူ့မိတ်ဆွေ၊ အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း ပြည်သူများ စာဖတ်ခြင်းအားဖြင့် အသိဉာဏ်တိုးပွားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ဝတ္ထုစာအုပ် များကို လှူဒါန်းခြင်းဖြစ်ပြီး၊ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်တစ်ချို့ကိုလည်း ဆက်လက်လှူဒါန်းပေးမည်ဖြစ်ကြောင်း အလှူရှင်ဦးအောင်ဝင်းထံမှ သိရသည်။

စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)