ကျိုက်လတ်မြို့နယ်၌ ပြည်သူများထံ လက်ဝယ်အရောက် စျေးနှုန်းချိုသာစွာဖြင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေး

ကျိုက်လတ် စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပြည်သူများလူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် စားနပ်ရိက္ခာများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများထံ လက်ဝယ်အရောက် စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက် (၇)နာရီအချိန် က အမှတ် (၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းထောင့်တွင် ရောင်းချပေးခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီစဥ်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရာတွင် ဧည့်မထဆန် (၁)ပြည်လျှင် (၁၅၀ဝ)ကျပ်၊ ဆီ(၅ဝ)ကျပ်သားလျှင် (၃၀၀ဝ)ကျပ်၊ ကြက်ဥ/ဘဲဥ(၁)လုံးလျှင် (၁၅ဝ)ကျပ်နှင့် ဆား၊ ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးသောကြောင့် ပြည်သူများ ဝယ်ယူမှုများခဲ့ကြောင်း သိရသည်။ ထိုသို့ရောင်းချ ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဆန်စက်ပိုင်ရှင်အသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရီရီမြင့်