မြဝတီ စက်တင်ဘာ ၂၁
(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်ပြည်သူ့ဆေးကြီးတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ဆောင်ရွက်ရာတွင် မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲမင်းသူ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်၊ ခရိုင်လုံခြုံရေးတပ်ခွဲမှူး ရဲမှူးခင်မောင်ကြည်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်နိုင်ဦးတို့ ဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၁၆ ဦး၊ မိသားစုဝင် ၄ ဦး စုစုပေါင်း ၂၀ ဦးတို့က စုပေါင်း သွေးလှူဒါန်းခြင်းဖြစ်သည်။
မြဝတီခရိုင်ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်မှုပေးခြင်းအပြင် ပြည်သူအကျိုးပြုလုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)