ပန်းတောင်း စက်တင်ဘာ ၂၁
မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့်လုပ်သက်ပြည့်ပင်စင် လစာငွေများအား လစဉ်ပုံမှန်ရုံးဖွင့်ရက်(၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိသည်။ ကျန်ရက်များတွင်လည်း နံနက် ၉ နာရီမှ ဘဏ်ဖွင့်ချိန်အတွင်းလာရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။
ပင်စင်လစာငွေများ မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏မိသားစုဝင်တစ်ဦးမှကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊ ပန်းတောင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လစာငွေများထုတ်ယူသည့် ပင်စင်လာရောက်ထုတ်ယူသူများ ငွေထုတ်ယူရာတွင်အဆင်ပြေ ချောမွေ့စေရေးဘဏ်ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)