ဝါးခယ်မမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းအား ကြည့်ရှုစစ်ဆေး

ဝါးခယ်မ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရွာလယ်ရပ်ကွက်၊ သီရိမင်္ဂလာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် စည်ပင်သာယာရေးကော်မတီ၏ အသုံးစရိတ်ရန်ပုံငွေ (၁၄၀.၄) ကျပ်သိန်းဖြင့် လမ်းအရှည် ၁၄၀ ပေ၊ အကျယ် ၁၅ ပေ၊ ထုထည် ၆ လက်မ၊ ပြည်သူ့ထည့်ဝင်ငွေ (၃၁)သိန်းဖြင့် လမ်းအရှည် ၁၃၀ ပေ၊ အကျယ် ၁၀ ပေ၊ ထုထည် ၆ လက်မ လမ်းခင်းခြင်းအား စက်တင်ဘာလ ၁၉-၉-၂၀၂၂ ရက်နေမှစတင် ဆောင်ရွက်လျက်ရှိရာ ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးနှင့် အဖွဲ့များ၊ လမ်းပိုင်းအလိုက် တာဝန်ရှိသူများမှ အရည်အသွေးကောင်းမွန်စေရေး၊ အချိန်မီပြီးစီးရေးနှင့် အများပြည်သူများ လူမှုစီးပွာဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကြပ်မတ်စစ်‌ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)