အောင်လံမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အောင်လံ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နက် (၁၀)နာရီခွဲ အချိန်ခန့်က အ-ထ-က(၂) အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းနားတွင် ခရိုင်ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည် (အောင်လံမြို့နယ်တာဝန်ခံ)မှ အမှာ စကားပြောကြား၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးမြင့်စိုးက မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာစေ့စပ်ညှိနှိုင်းရေးလုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးလုပ်ငန်းလမ်းညွှန် SOP နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကာ တက်ရောက် လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ များ၊ သက်ဆိုင်ရာ ပါတီ ကိုယ်စားလှယ်များနှင့် ဩဇာတိက္ကမရှိသူတို့၏ ဆွေးနွေး တင်ပြချက်များပေါ် ပေါင်းစပ်ညှိနှိုင်း၍ အစည်းအဝေးဆုံးဖြတ်ချက် များချ မှတ်ပြီး မြိုနယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။         

မျိုးသိန်း(ပြန်/ဆက်)