အထက်မင်းလှ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု များမဖြစ်ပေါ်စေရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး နှိုးဆော်ခြင်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီခန့်က မင်းလှမြို့နယ်အတွင်းရှိ ရေနံမ၊ ဒီးဒုတ်ကန်နှင့် လယ်လှကျေးရွာ တို့တွင်ကွင်းဆင်း၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေး ပန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူများသိရှိ လိုက်နာစေရန် ရပ်ကွက်/ကျေးရွာများအရောက်လှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ကျန်ရှိ နေသောရပ်ကွက်/ ကျေးရွာများတွင်လည်းအသိပညာပေး နှိုင်းဆော်ခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်သက်သက်အောင်ထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)